Social Media Marketing ဆိုတာဘာလဲ? Social media marketing ဆိုတာ social media platform တွေကို အသုံးပြုပြီး marketing လုပ်တာကို social media marketing လို့ခေါ်ပါတယ်။ Social media platform တွေကတော့- Facebook, Instagram, Twitter, Youtube, Pinterest, Reddit အစရှိသည်တို့ဖြစ်ပါတယ်။ ကျတော်တို့နိုင်ငံမှာတော့ Facebook အသုံးများကြပါတယ်။ Instagram လည်းသုံးကြပေမဲ့ Facebook ကတော့ trend အဖြစ်ဆုံးပါ။ ဆိုတော့ facebook ဆိုတဲ့ social media platform မှာ Marketing ဘယ်လိုလုပ်ကြမလဲ? Facebook Marketing ဘယ်လိုလုပ်မလဲ? Facebook မှာ marketing ဘယ်လိုလုပ်မလဲ? ဉပမာ ကျတော်တို့က ကုန်ပစ္စည်းတစ်ခု ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခု ရောင်းချချင်တယ် ဆိုပါစို့။ အဲ့ဒီကုန်ပစ္စည်း(သို့)ဝန်ဆောင်မှုရဲ့ ကောင်းကွက်တွေ၊ အရည်အသွေးတွေ၊ ဒီကုန်ပစ္စည်း သို့ ဝန်တောင်မှုဟာ ဘယ်လောက်ထိအဆင်ပြေလဲ၊ ဘယ်လိုအကျိုးပြုတယ် အစရှိတာတွေကို content လေးတွေဖန်တီးရပါမယ်။ အဲ့ content ကို စာအာဖြင့်လည်းကောင်း၊ video အားဖြင့်လည်းကောင်း ပြုလုပ်ပြီး လူတွေကိုဆွဲဆောင်ရမှာဖြစ်ပါတယ််။ ကိုယ်လုပ်ထားတဲ့ content တွေကို လူတွေအများကြီးဆီရောက်ဖို့ Facebook Boost လုပ်တာလည်း...