Skip to main content

Social media marketing

 Social Media Marketing ဆိုတာဘာလဲ?

Social media marketing ဆိုတာ social media platform တွေကို အသုံးပြုပြီး marketing လုပ်တာကို social media marketing လို့ခေါ်ပါတယ်။

Social media platform တွေကတော့-

Facebook, Instagram, Twitter, Youtube, Pinterest, Reddit အစရှိသည်တို့ဖြစ်ပါတယ်။

​ကျတော်တို့နိုင်ငံမှာတော့ Facebook အသုံးများကြပါတယ်။ Instagram လည်းသုံးကြပေမဲ့ Facebook ကတော့ trend အဖြစ်ဆုံးပါ။ ဆိုတော့ facebook ဆိုတဲ့ social media platform မှာ Marketing ဘယ်လိုလုပ်ကြမလဲ?

Facebook Marketing ဘယ်လိုလုပ်မလဲ?

Facebook မှာ marketing ဘယ်လိုလုပ်မလဲ? ဉပမာ ကျတော်တို့က ကုန်ပစ္စည်းတစ်ခု ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခု ရောင်းချချင်တယ် ဆိုပါစို့။

အဲ့ဒီကုန်ပစ္စည်း(သို့)ဝန်ဆောင်မှုရဲ့ ကောင်းကွက်တွေ၊ အရည်အသွေးတွေ၊ ဒီကုန်ပစ္စည်း သို့ ဝန်တောင်မှုဟာ ဘယ်လောက်​ထိအဆင်ပြေလဲ၊ ဘယ်လိုအကျိုးပြုတယ် အစရှိတာတွေကို content လေးတွေဖန်တီးရပါမယ်။ အဲ့ content ကို စာအာဖြင့်လည်းကောင်း၊ video အားဖြင့်လည်းကောင်း ပြုလုပ်ပြီး လူတွေကိုဆွဲဆောင်ရမှာဖြစ်ပါတယ််။ ကိုယ်လုပ်ထားတဲ့ content တွေကို လူတွေအများကြီးဆီရောက်ဖို့ Facebook Boost လုပ်တာလည်းရှိပါတယ်။ Page လေးတစ်ခုထောင်ပြီး post တင်၊ တင်ထားတဲ့post ကိုBoost လုပ်တာဟာလည်း ထိရောက်တဲ့ ရောင်းချခြင်းတစ်မျိုးပါ။ FB မှာ Online shop လုပ်နေတဲ့သူ​အများအပြားတွေ့ရပါတယ်။ content ဖန်တီးသူတော့သိပ်မတွေ့ရပါဘူး။ အများစုဟာ သူများပေးတဲ့ စာကိုဘဲပြန်ယူပြီးတင်ကြပါတယ်။ အဲ့ဒီစာတွေဟာလည်း content တွေမဟုတ်ပါဘူး၊ copywrite တွေပါ။ Content writing နဲ့ copywriting ဆိုပြီးနှစ်မျိုးရှိပါတယ်။ အဲ့ဒါကိုတော့ နောက်blog တစ်ခုမှာ ထပ်မံsharing လုပ်ပေးသွားမာဖြစ်ပါတယ်။ 

Marketing တွေ လုပ်ပြီး များများရောင်းချနိုင်ကြပါစေချင်ဗျ။ ကျန်းမာရေး ဂရုစိုက်ကြပါခင်​ဗျ.. တာ့တာ.။

Comments

Popular posts from this blog

Digital Marketing ဆိုတာဘာလဲ?

Digital Marketing ဆိုတာဘာလဲ?             Digital Marketing ဆိုတာ digital products တွေ၊ digital platform တွေကိုအသုံးပြုပြီး Marketing လုပ်တာကို Digital Marketing လို့ခေါ်ပါတယ်။       Digital Marketing ဆိုတဲ့ ခေါင်းစဉ်ကြီးအောက်မှာ social media marketing, email marketing, Website နဲ့ပတ်သတ်တဲ့ SEO,SME အပြင် နောက်ထပ်ပါဝင်တာတွေရှိပါသေးတယ်။       ကျတော်တို့နိုင်ငံမှာတော့ Facebook ကအသုံးများတာဖြစ်တဲ့အတွက် facebook နဲ့ marketing လုပ်တာကို digital marketing လို့ လူတော်တော်များများပြောတတ်ကြပါတယ်။ တကယ်တော့ facebook marketing ဟာ digital marketing ဆိုပြီး တိုက်ရိုက်အချိုးမကျပါဘူး။ Digital Marketing ဆိုတဲ့ ခေါင်းစဉ်ကြီးအောက်က social media marketing တို့ email marketing တို့ နောက်ထပ်အများကြီးရှိပါသေးတယ် အဲ့ဒီ marketing လေးတွေကို ပေါင်းမှ Digital Marketing လို့ခေါ်တာပါ။ ဉပမာ - အင်္ကျီဆိုတဲ့ ခေါင်းစဉ်အောက်မှာ စွပ်ကျယ်အင်္ကျီ၊ အနွေးထည်အင်္ကျီ၊ ရှပ်အင်္ကျီ တို့ဟာ အင်္ကျီဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိကြတာမျိုးကိုပြောတာပါ။ စွပ်ကျယ်အင်္ကျီဟာ အင်္က...